www.heinziwa.supremecenter300.com
Open in
urlscan Pro
103.82.64.61
Public Scan
URL:
https://www.heinziwa.supremecenter300.com/
Submission: On May 14 via api from US — Scanned from AU
Submission: On May 14 via api from US — Scanned from AU
Form analysis
1 forms found in the DOMGET https://heinziwa.com/
<form class="uk-form uk-form-icon uk-form-icon-flip uk-width-1-1" method="get" action="https://heinziwa.com/"><input class="uk-width-1-1" type="search" placeholder="Search" value="" name="s"><i class="uk-icon-search"></i></form>
Text Content
Trusted and valuable friend for Diabetes patient * About Us * Product * Blog * သွေးချိုဆီးချိုရောဂါအကြောင်း * Contact Us Menu သွေးချိုဆီးချိုရောဂါအကြောင်း * Posted on July 8, 2020 * heinziwa * Leave a comment သွေးချိုဆီးချိုရောဂါအကြောင်း ✨ သွေးချိုဆီးချိုရောဂါဆိုတာ အင်ဆူလင်ဟော်မုန်း ထုတ်လုပ်ခြင်းနဲ့ ပတ်သတ်တဲ့ ရောဂါတခု ဖြစ်ပါတယ်။ 👀 ပုံမှန်ဆိုရင်တော့ အင်ဆူလင်ဟော်မုန်းဆိုတာ အစာအိမ်နောက်ဖက်မှာရှိတဲ့ ပန်ကရိယပ် (သရက်ရွက်)မှ ခန္ဓာကိုယ်အတွက် ထုတ်လုပ်ပေးပြီး စားလိုက်တဲ့ သကြားဓါတ်နဲ့ အဆီဓါတ်ကို သိုလှောင် သုံးစွဲဖို့ လိုအပ်တဲ့ ဟော်မုန်းတခု ဖြစ်ပါတယ်။ ပန်ကရိယပ်က အင်ဆူလင် ထုတ်လုပ်မှု အလွန်နည်းတာ / မထုတ်လုပ်တော့တာ ဒါမှမဟုတ် ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းကောင်း မတုန့်ပြန်တော့တာ တခုခုဆိုရင် သွေးချို ဆီးချို ဖြစ်ပွားပါတယ်။ ✔ သတိပြုရမှာက ဘယ်နည်းနဲ့မှ သွေးချိုဆီးချိုရောဂါကို အမြစ်ပြတ် ပျောက်ကင်းစေတဲ့ ဆေးမရှိသေးဘူးဆိုတာပါပဲ။ (သွေးတွင်း သကြားဓါတ် ယာယီ ကျစေခြင်းသည် အမြစ်ပြတ် ပျောက်ခြင်း မဟုတ်ပါ။) သွေးချိုဆီးချိုရောဂါ ဖြစ်တယ်ဆိုရင် သက်ရှည်ကျန်းမာစေဖို့ မိမိကိုယ်ကို ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ 😒 သွေးချိုဆီးချိုရောဂါ လက္ခဏာရပ်တွေက ရုတ်တရက် သိသာခြင်းမရှိတာမို့ အသက်ကြီးလာမှ ဖြစ်တဲ့ အမျိုးအစား-၂ သွေးချိုဆီးချိုရောဂါရှိနေမှန်း မိမိကိုယ်ကို မသိတတ်ကြပါဘူး။ သွေးချိုဆီးချိုရောဂါ ဖြစ်ပွားတာကြာလာပြီး ကိုယ်တွင်းအင်္ဂါ တခုခုကို ထိုခိုက် ပျက်စီးတဲ့ အခါမှသာ မိမိမှာ အမျိုးအစား-၂ သွေးချိုဆီးချိုရောဂါ ရှိနေမှန်း သိတတ်ကြပါတယ်။ ✔ ငယ်စဥ်ကတည်းက ဖြစ်တတ်တဲ့ အမျိုးအစား-၁ သွေးချိုဆီးချိုရောဂါကိုတော့ ရက်အနည်းငယ်အတွင်း သတိပြုတတ်ကြပါတယ်။ သွေးချိုဆီးချိုရောဂါမှာ တွေ့ရနိုင်တဲ့ အစောပိုင်း လက္ခဏာများ 1. ပိုမိုဆာလောင်ခြင်း – ခန္ဓာကိုယ်က စွမ်းအင်အဖြစ် သုံးစွဲဖို့ ဂလူးကို့စ်ဓါတ်ကို အစားအစာ စားသောက်ရာမှ ရရှိပါတယ်။ ရရှိလာတဲ့ ဂလူးကို့စ်ဓါတ်ကို စွမ်းအင်အဖြစ် သုံးစွဲဖို့ အင်ဆူလင် လိုအပ်ပါတယ်။ အင်ဆူလင် ထုတ်လုပ်ဖို့ ပြဿနာ ရှိလာတဲ့အခါ ခန္ဓာကိုယ်ထဲမှာ သွေးထဲမှာ ဂလူးကို့စ်ဓါတ်တွေ ရှိနေပြီး စွမ်းအင်အဖြစ် မသုံးစွဲနိုင်တဲ့အခါ ပုံမှန်ထက် ဆာလောင်တာ မောပန်းတာကို ခံစားရနိုင်ပါတယ်။ 2. ရေဆာပြီး မကြာခန ဆီးသွားတတ်ကြပါတယ်။ 3. အာခေါင်ခြောက်နေတတ်ပါတယ်။ 4. အရေပြားတွေ အချိန်တိုင်း ယားယံနေတတ်ပါတယ်။ 5. အမြင်အာရုံ ဝေဝါး/မျက်စိ ပိုမိုအားနည်း လာတတ်ပါတယ်။ ✔ အထက်မှာ ဖော်ပြခဲ့သလို လက္ခဏာရပ်တွေကို အစောပိုင်းမှာ သတိပြုမိရင် စောစောစီးစီး ဆရာဝန်နဲ့ တိုင်ပင်ကာ မိမိမှာ သွေးချိုဆီးချိုရောဂါ ဖြစ်နေလားဆိုတာ တိုင်ပင်သင့်ပါတယ်။ Filed under: BlogTagged with: diabetes, ဆီးချို, သွေးချို ဆီးချို RECENT POSTS * သွေးချိုဆီးချိုရောဂါအကြောင်း RECENT COMMENTS © 2024 - Hein Ziwa. All rights reserved.meda theme for WordPress. * About Us * Product * Blog * သွေးချိုဆီးချိုရောဂါအကြောင်း * Contact Us